မေတ္တာရပ်ခံတောင်းပန်ခြင်း

မေတ္တာဂေဟာ ဤ၀က်ဆိုက်သည် မောင်ချက်မိန်း၏ ကိုယ်ပိုင်ဝက်ဆိုက်အဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။ မည်သည့် အဖွဲ့အစည်း၊ အသင်းပုဂ္ဂလများနှင့်သော်လည်း၊ မည်သည့်ဝါဒရေးရာသော်လည်းကောင်း ပါဝင် ပတ်သက်ဆက်နွယ်ခြင်းမရှိပါ။ထို့ကြောင့် ဤစာပေရေးသားခြင်း၊ပြောဆိုခြင်း များအားမပြုလုပ်ပါရန် မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။ ရောက်ရှိလာသောသူငယ်ချင်းအားလုံး မေတ္တာပန်းများ ဝေဆာတင့်ဆန်း လန်းဆန်းနိုင်ကြပါစေ။ မေတ္တာဂေဟာသို့ လာကြည့်သူအပေါင်းအား ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊...

မေတ္တာဂေဟာမှနွေးထွေးစွာကြိုဆိုပါတယ်..

မေတ္တာဂေဟာကနေကြိုဆိုပါတယ် သူငယ်ချင်းတို့ရေ..လမ်းမှားရင်းနဲ့ပဲ အဖွဲ့လေးတော့ ၀င်ပေးပါအုံးနော်..

Monday, 4 June 2012

Views
Mgchatmain(မောင်ချက်မိန်း) | 20:30 | Best Blogger Tips
စလုံးအကြီးအသေးပြောင်းရန်

သိပ်သိရင် မဖြစ်ဘူး
ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့
သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”
ဘယ်သူထင်လဲ
အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး
အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ
လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”
အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ
အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့
အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ
ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။
အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့
မေးပါတယ်။
အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့
ပြန်ဖြေလိုက်ပါတယ်။
အကြောင်းရင်း
နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။
“ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပြီး
မြန်မြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”
ဘာလုပ်စားမှာလဲ
ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင်
မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”
လူမိုက်ငှား
ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
“ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။”
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
“ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။”
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ တစ်ယောက်က
ထပြောပါတယ်။
“ကျွန်တော် ရှိပါတယ်။”
ဥက္ကဌက ပြန်ပြောပါတယ်။
“ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။”
လေးချင်လေးပါစေ
ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ်
စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့
စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။
လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”
အလှအပ နဲ့ အသိဉာဏ်
အမျိုးသား။ ။ “မိန်းမတွေ ဟာ ဘာဖြစ်လို့ အလှအပကို အသိဉာဏ်ထက် ပိုပြီး ဂရုစိုက်ကြသလဲ
ဆိုတာကို ငါတော့ စဉ်းစားလို့ မရဘူး။”
အမျိုးသမီး။ ။ “ဒါကတော့ ရှင်းပါတယ်။ ယောက်ျားတွေက ဘယ်လောက်တုံးတုံး မျက်စိတော့
မကန်းကြဘူးလေ။”
ဒါလေးများ
အိမ်ရှင်မ=ဟယ်လို...အရေးပေါ်ဌာနကပါလားရှင်...
အရေးပေါ်ငှာန=ဟုတ်ပါတယ်ခင်ညာ....
အိမ်ရှင်မ = အိမ်အမှတ်(၀၀၀)ကိုလူနာတင်ယာဉ်တစ်စင်းလောက်အမြန်ဆုံးလွှတ်ပေးပါနော်...
ကျွှန်မခင်ပွန်းကျွှန်မနဲ့စကားများရင်းဒေါသထွက်ပြီးဓာတ်ဆီတစ်ပုလင်းလုံးမော့ချလိုက်တာ..
အခုအိမ်ပတ်ပြေးနေလို့ပါရှင်...
အရေးပေါ်ဌာန=အော်....ဒါလေးများ....မပူပါနဲ့ဗျာ....ဆီကုန်ရင်သူ့ဘာသူရပ်သွားပါလိမ့်မယ်....ဂွပ် (ဖုန်းချသံ)
လုပ်ရက်လိုက်လေ.
မလေးရှားနိုင်ငံတွင်သူငယ်ချင်းတစ်စုပြန်ဆုံကြလေသည်....
ငါတို့သူငယ်ချင်းတွေမတွေ့တာကြာပီကွာဒီညတော့အပီကဲရအောင်......
ရှေးဟောင်းနှောင်းဖြစ်လေးတွေလဲပြောကြတာပေါ့ကွာ....ဒီလိုနှင့်ည(၁၁)နာရီထိုးသွားတော့သည်
သူတို့နေသောတိုက်ခန်းတွင်ည(၁၁)နာရီဆိုဓာတ်လှေကားပိတ်သည်။
တိုက်ခန်းကလဲအထပ်၁၀၀မြင့်ပြီးသူတို့သွားမည့်အခန်းမှာအထပ်၁၀၀မြောက်တွင်ဖြစ်သည်။
ပထမလူ....လှေကားတိုင်းတက်ရမှာဆိုတော့မလွယ်ဘူးကွ.....ကဲပါကွာ..ဒီလိုလုပ်ပုံပြင်ကိုတစ်ယောက်တစ်လှည့်ဆီပြောရင်းသွားရအောင်...ကဲ..ငါအရင်စပြောမယ်...
ဒီလိုနှင့်ပထမတစ်ယောက်၏ပုံပြင်လဲဆုံးရောအထပ်(၅၀)သို့ရောက်မှန်းမသိရောက်လာလေသည်...။
ဒုတိယတစ်ယောက်ရဲ့ပုံပြင်လဲဆုံးရောအထပ်ကိုးဆယ်သို့ရောက်နေလေပြီ။
တတိယလူ.....သူငယ်ချင်းတို့ရေ...ငါအခုပြောမယ့်ပုံပြင်ကတော့မင်းတို့ငါ့ကိုစိတ်ဆိုးရင်လဲဆိုးမယ်....ဒေါသထွက်ရင်လဲထွက်မယ်..တစ်ခုခုတော့ဖြစ်မယ်ကွာ.။
ကျန်သူငယ်ချင်းနှစ်ယောက်.....ပြောပါသူငယ်ချင်းရာ...
တတိယလူ.........အခန်းသော့ကအောက်ထပ်ကစားသောက်ဆိုင်မှာကျန်ခဲ့တယ်ကွာ....

0 ဦးမှတ်ချက်ရေးသည်။:

Post a Comment

မှတ်ချက်ပေးရန်နေရာ

ယောက်ကြည့်နေပါတယ်။
^ အပေါ်သို့