ဒေါင်းလုပ်ရန်လင့်များ
သုဿန်စောင့်မဖဲဝါ၀ထ္ထု
ဓါတ်ပုံအလှပြင်ရန်ဆော့ဝဲ
Download ပိဋ္ဋကက်၃ပုံမြန်မာပြန်
FlashCS3 portable
HTML လေ့လာရန်
၅၅၀ဇတ်နိပါတ်တော်
မေတ္တာရပ်ခံတောင်းပန်ခြင်း
မေတ္တာဂေဟာ ဤ၀က်ဆိုက်သည် မောင်ချက်မိန်း၏ ကိုယ်ပိုင်ဝက်ဆိုက်အဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။ မည်သည့် အဖွဲ့အစည်း၊ အသင်းပုဂ္ဂလများနှင့်သော်လည်း၊ မည်သည့်ဝါဒရေးရာသော်လည်းကောင်း ပါဝင် ပတ်သက်ဆက်နွယ်ခြင်းမရှိပါ။ထို့ကြောင့် ဤစာပေရေးသားခြင်း၊ပြောဆိုခြင်း များအားမပြုလုပ်ပါရန် မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
ရောက်ရှိလာသောသူငယ်ချင်းအားလုံး မေတ္တာပန်းများ ဝေဆာတင့်ဆန်း လန်းဆန်းနိုင်ကြပါစေ။ မေတ္တာဂေဟာသို့ လာကြည့်သူအပေါင်းအား ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊...
mgchatmain
mgchatmain
mgchatmain
မေတ္တာဂေဟာမှနွေးထွေးစွာကြိုဆိုပါတယ်..
[X]
မေတ္တာဂေဟာကနေကြိုဆိုပါတယ် သူငယ်ချင်းတို့ရေ..လမ်းမှားရင်းနဲ့ပဲ အဖွဲ့လေးတော့ ၀င်ပေးပါအုံးနော်..
Saturday, 26 May 2012
ကောသလအိပ်မက်(၁၆)ချက်
Views
Mgchatmain(မောင်ချက်မိန်း)
|
20:38
|
ဗဟုသုတကဏ္ဍ
စလုံးအကြီးအသေးပြောင်းရန်
(၁) နွားနက်လေးခု ဝှေ့မှုဟန်ပြင် မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်။
အရှေ့အနောက် တောင်မြောက်မိုးဆင် ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂) မြေကမကြွ ငယ်လှသစ်ပင် ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်။
အရွယ်မမျှ လုံမပျိုခင် သမီးသားလင်ထား အိမ်ထောင်ဆင်။
(၃) ယနေ့ဖွားစ နွားမနို့သာ မိခင်နွားကြီး စို့ပြီးနေရှာ။
သမီးနှင့်သား စီးပွားပိုင်ရာ မိနှင့်ဖ ကျွေးမှစားရမှာ။
(၄) နွားကြီးမကြိုက် ၀န်တိုက်နွားငယ် မရုန်းနိုင်ဘဲ
ဝပ်လဲနေတယ်
ကြီးသူပယ်ရှား မြောက်ထားလူငယ် တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
(၅)ခံတွင်းနှစ်ခွ မြင်းလှရာဇာ ကျွေးကျွေးသမျှ မ၀နိုင်ပါ။
မှူးမတ်မင်းစိုး လာဘ်ထိုးသူမှာ နှစ်ဘက်စား တရားစီရင်မှာ။
(၆) ခွေးအိုထံဆက် ရွှေခွက်သိန်းတန် ကျင်ငယ်အမြဲ ခွက်ထဲစွန့်ပြန်။
မျိုးမြတ်သမီး ပစ္စည်းမက်ဟန် အမျိုးယုတ် လင်လုပ်ပေါင်းဆက်ဆံ။
(၇)ရှေ့ကကျစ်ချ လွန်စကြိုးကို ခွေးမခိုးစား ကိုက်ဝါးကာမျို။
လင်ကြီးပစ္စည်း သိမ်းဆည်းမသို လင်ငယ်အား မယားလောကွတ်ပို။
(၈)အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ အိုးချည်းကိုဘဲ ရေဆွဲလောင်းပြန်။
ဆင်းရဲသူများ ၀တ်စားမကျန်အခွန်တွက် နှိပ်စက်ငွေကောက်ခံ။
(၉)ကြာမျိုးငါးဝ ပွင့်ကြရေကန် ရေလယ်နောက်လျှက် ကမ်းဘက်ကြည်ပြန်။
မြို့တွင်းပွေရှုပ် ခွန်တုပ်ကောက်ခံ မြို့ပြင်ထွက်ပြည့်နှက်စည်ကားရန်။
(၁၀)တအိုးထဲချက် အကျက်မညီ ထမင်းမာဆတ် ပျော့နပ်သုံးလီ။
မင်းနှင့်လူများ တရားမညီ မိုးသုံးစား ကွက်ကြားရွာချမည်။
(၁၁)မွှေးထုံနံ့ကြူး စန္ဒကူးသိန်းတန် ပုန်းရည်နဲ့လဲ သုံးစွဲစားပြန်။
အလဇ္ဇီများ တရားဖိုးတန် ငွေနှင့်လဲ အမြဲဟောမည်မှန်။
(၁၂)သံကြေးမပေါင်း ဘူးတောင်းဘူးအုံ ရေတွင်စုပ်စုပ် နစ်မြှပ်လုံးစုံ။
ပညာရှိများ စကားဥဿုံ ပြောသမျှ လောကမသုံးကုန်။
(၁၃)အိမ်လုံးတောင်လုံး ကျောက်တုံးကျောက်ဖြာ ရေမှာဘွားဘွား ထင်ရှားပေါ်လာ။
ရဟန်းရှင်ဆိုး လူဆိုးများသာ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်မှာ။
(၁၄)အဆိပ်ပြင်းထောက် မြွှေဟောက်ကြီးကို ဖားမငယ်များ ကိုက်ဝါးကာမျို။
ကညာယူထား သက်ကြားဖိုးအို မယားဆဲ အမြဲအော်ငေါက်ဆို။
(၁၅)အဆင်းမည်းနက် ကျီးငှက်ထံမှာ ရွှေဟင်္သာများ ခစားနေရှာ။
ပညာသီလ ပြည့်ဝသူဟာ သူယုတ်အား ၀ပ်တွားနေရရှာ။
(၁၆)ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန် ခြသေ့င်္သစ်ကျား ခုန်လွှားပြေးပြန်။
သူယုတ်မာများ ထောင်လွှားနိုင်ငံ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
0 ဦးမှတ်ချက်ရေးသည်။:
Post a Comment
မှတ်ချက်ပေးရန်နေရာ
Subscribe to:
Post Comments (Atom)
ယောက်ကြည့်နေပါတယ်။
0 ဦးမှတ်ချက်ရေးသည်။:
Post a Comment
မှတ်ချက်ပေးရန်နေရာ