စလုံးအကြီးအသေးပြောင်းရန်
မြတ်ဗုဒ္ဓ ရဲ့ တရားတော်ဟာ အမှန်တရားဖြစ်ပါလျက် ကမ္ဘာမှာ အဘယ့်ကြောင့် လူနည်းစု ကိုးကွယ်တဲ့ဘာသာဖြစ်နေပါသလဲ ဆိုရင်..ဗုဒ္ဓဘာသာဝင်များဟာ ဒီဘက်မှာ လေ့လာမူ့ နည်းပြီး နိုးနိုးကြားကြားမရှိကြ လုံးလ ၀ီရိယ နည်းကြလို့ပါပဲတခြားတခြား ဘာသာတွေ ကမ္ဘာပျံနှံ့ တယ်ဆိုတာက သူတို့ဘာသာဝင်တွေက အလွန်နိုးနိုးကြားကြားရှိကြတယ်အမှတ်မဲ့ မနေကြဘူး ဘာသာ တရားပြန့် ပွားရေး ကို အမြဲအလေးထားကြတယ် ငွေအင်အားကလည်း တောင့်တင်းကြတော့ စနစ်တကျ အဖွဲ့ အစည်းတွေ ဖွဲ့ပြီး အဆင်းရဲ အပင်ပန်းခံ ဖြန့်ကြတဲ့ အတွက် သူတို့ဘာသာတွေကပျံ့နှံ့ပြီး လူများစု ကိုးကွယ်ကြ တာဖြစ်နေတာပါပဲ ဗုဒ္ဓဘာသာဝင်တွေ ကတော့ အခုတိုင် အိပ်တုံးပဲ
ကိုယ့် ရပ်ရွာ၊ မြို့ ၊ နယ်၊ ကိုယ့်နိုင်ငံ ကျဉ်းကျဉ်းကလေးထဲမှာ ခွေအိပ်နေကြတုံးပဲ ကိုယ့်နိုင်ငံကလေး ထဲတောင်မှ ဗုဒ္ဓဘာသာရဲ့ လောကီရေး အနှစ်သာရတွေ လောကုတ္တရာရေး အနှစ်သာရတွေထိထိမိမိ မဖြန့်ဖြူးနိုင်ကြပါဘူး၊ အခုထိ မြန်မာဗုဒ္ဒဘာသာဝင်တွေက ကမ္ဘာကို စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြန့်ဖို့စိတ်ကို မကူကြသေးပါဘူး အိပ်တုံးပဲ ဆိုတော့ ဒီဘာသာတရား အကြောင်း ဘယ်သူက သိမလဲ အခု အနောက်တိုင်းက တချို့လူတွေ ဟာဗုဒ္ဓအကြောင်း ဗုဒ္ဓဘာသာ အကြောင်း သိပြီးတော့ ဗုဒ္ဓဘာသာဘက်မျက်နှာမူလာကြတာတို့ ဗုဒ္ဓတရားတော်ကို ကျင့်ကြံပွါးများ အားထုတ်လာကြတာတို့ဟာ သူတို့ဗုဒ္ဓဘာသာ စာပေတွေလေ့လာပြီး တရားလေးဘာလေး အားထုတ်ရင်း စိတ်ဝင်စားလာကြ တာပါပဲဒါဟာ ဗုဒ္ဓတရားတော်က စစ်မှန်လို့ သူ့ဟာနဲ့ သူဖြစ်လာကြတာပါပဲဗုဒ္ဓဘာသာ ၀င်တွေက အဖြန့်ကောင်း လို့ မဟုတ်ဘူး အခုတိုင် မြန်မာဗုဒ္ဓဘာသာဝင်တွေက အိပ်ပျော်တုံးပါပဲ ဒီကိစ္စ ဆောင်ရွက် ဖို့ အတွက် ဘာ အသင်းအဖွဲ့ အစည်းမှ ပီပီပြင်ပြင် မရှိပါဘူး နောက်ဆုံး မှာတောင်တန်းဒေသ၊ နယ်ခြားဒေသ ကိုယ့်တိုင်း ရင်းသား ကိုယ့်ဆွေမျိုးရင်းချာတွေတောင်မှ အသိမှန် အမြင်မှန်ထိထိမိမိ မပို့နိုင် မပေးနိုင်ကြသေးပါဘူး၊
သီဟိုဠ် (သီရိလင်္ကာ နိုင်ငံ)
သိဟိုဠ် ဘုန်းကြီးတွေနဲ့ ဒကာ ဒကာမတွေကတော့ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ အစောကြီး ကတည်းက နိုးကြားပြီးတော့ သူတို့ တတ်နိုင်သမျှ အဖွဲ့ အစည်းနဲ့ တကွ သက်ဆိုင်ရာ အစိုးရကပါ အားပေးပြီး ကမ္ဘာကို သာသနာဖြန့်နေကြတာ အများကြီးပဲ ဘယ်နိုင်ငံသွား သွား အချက်ချာကြတဲ့ မြို့ကြီးတွေ မှန်သမျှမှာ သူတို့ ကြီုစားနေကြတယ်မြန်မာပြည်ကတော့ အိပ်လို့ကောင်းတုံးပဲ
ယိုးဒယား
ယိုးဒယားဘုန်းကြီးတွေကလဲ ကမ္ဘာအနှံ့အပြားမှာ ရှင်ဘုရင် ဦးဆောင့်တဲ့ ထိုင်း ဗုဒ္ဒဘာသာ လူထုရဲ့ အားပေးထောက်ပံမူ နဲ့ဘုန်းကြီကျောင်းတွေ တည်ထောင်ပြီး စွမ်းနိုင်သမျှ ဖြန့်ဖြူးနေကြတာ တော်တော် များနေပြီအမေရိကမှာ ဆိုရင် မြို့ကြီး ၁၅ မြို့ ထက်မနည်း ယိုးဒယားဘုန်းကြီးကျောင်းတွေ ရှိနေကြပြီအင်ဒိုနီးရှားနိုင်ငံ ဟာ မူဆလင်နိုင်ငံပါ မူလက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ခဲ့ပါတယ် ခရစ်နှစ် (၈) ရာစု (၉) ရာစုနှစ်လောက်မှာဆိုရင် ဗိုရိုဗုဒူး လိုအံ့ မခန်းစေတီတော်များ ပေါ်ပေါက်လာသည်အထိ ထွန်းကားခဲ့ပါတယ် အခုတော့ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ ၁၇၆ သန်းကျော်ရှိတဲ့ အနက်က ဗုဒ္ဓဘာသာ ပီပီသသ ၂- သန်းကျော်လောက်ပဲ ရှိပါတော့တယ် မပီမသ စာရင်းဝင်ရုံမျှကတော့ ၁၀ သန်းလောက်ရှိတယ်လို့ သိရပါတယ် အဲဒီလို နိုင်ငံမှာဗုဒ္ဓသာသနာ ဖြန့်ဖြူးရတာ ဘယ်လောက် ခက်ခဲ မယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်အဲဒီလို နိုင်ငံမှာ ယိုဒယား ဘုန်းကြီးများ အပင်ပန်းခံပြီး ဖြန့်ဖြူးနေကြတာ ချီးကျူးစရာ ကြည်ညို စရာကောင်းလှပါတယ် မြန်မာပြည် ကတော့ အိပ်ပျော်နေတုံးပါပဲ
အတားအဆီး အမျိုးမျိုး
တိဘက်ဘုန်းကြီး ဂျပန် ဘုန်းကြီးတွေ ကမ္ဘာအနှံ့ ပျံ့ နေတာကတော့ ပြောစရာလိုမယ်မထင်ပါဘူးသို့သော်လည်း အတားအဆီးက အမျိုးမျိုးရှိပါတယ်သီဟိုဠ်ဘုန်းကြီးများ စာတတ်ပေတတ် အင်္ဂလိပ်လို ရေးဖတ် ဟောပြောနိုင်ကြသော်လည်း အနောက်ဆီ ကတကယ်လိုလားတဲ့ ၀ိပဿနာ တရားကို ထိထိမိမိ မပြနိုင်ကြတော့ အာနာပါဏလောက် နဲ့ ပဲ တင်းတိမ်နေကြ ရပါတယ်ယိုဒယားဘုန်းကြိးများ တချို့ သင့်တင့် စွာ တရားပြတတ်ကြသော်လည်း ဘာသာစကား မကျွမ်းကျင်ကြဘူးတိဘက်ဘုန်းကြီး ဂျပန်ဘုန်းကြီး အနည်းအပါး ဘာသာစကား ကျွမ်းကျင်ကြပေမဲ့ သူတို့ တရားနည်းက၀ိပဿနာ နည်းမဟုတ်တော့ ၀ိပဿနာရဲ့ အနှစ် သာရကို လိုလားကြတဲ့ တိုင်းခြားသားများအားမရကြဘူး
မြန်မာ
သိပ္ပံ နဲ့ စက်မူတိုးတက်သလောက် ရုပ်ပိုင်းဘက်က တိုးတက်မူ အဟုန် မြန်လွန်းလို့ စိတ်က လိုက်မမီတော့ မောဟိုက်နေတဲ့ တိုင်းခြားသားတွေဟာ စိတ်မချမ်းသာကြဘူး ရုပ်တိုးတက်မူမှာ အနှစ်သာရရှာမတွေ့ကြတော့ဘူး ဒီတော့ စိတ်ချမ်းသာရေးအတွက် မျှော်ကြည့်လိုက်တဲ့ အခါ ၀ိပဿနာကို ခြေခြေမြစ်မြစ် အားထုတ်ကြပြီး ထိထိမိမိ ဟောကြားပြသနိုင်တဲ့ မြန်မာပြည်ကိုပဲ ပဓာန ထားအားကိုး ကြတယ်ဒါပေမဲ့ မြန်မာပြည်ကတော့ အိပ်မြဲလို့ပဲ ပြောရအုံးမှာပဲ
စာကြွင်း
တချို့ လူပုဂ္ဂိုလ်များအိပ်ယာက နိုးထစ ပြုလာကြပြီး တတ်စွမ်းသမျှတော့ ကြိုးစားလာကြပါပြီ
အိုင်တီနန်းတော်တွင် ကိုလင်း၏ ပိုစ်အား ကြိုက်သဖြင့်တင်ထားပါသည်။

Views

0 ဦးမှတ်ချက်ရေးသည်။:
Post a Comment
မှတ်ချက်ပေးရန်နေရာ